Saturday, 30 March 2013

ကတိ..

ဘုရားပေးပေး 
ကျမ်းပေးပေးပါ ချစ်သူ..
စိတ်ကူးနဲ့တောင်
လမ်းခွဲဖို့ မစဉ်းစားခဲ့ဘူး...။

ထာခဲ့ဘူးတဲ့
သံယောဇဉ်တွေမှာ
သံသယတွေမပါဘူး..
အတ္တတွေမပါခဲ့ဘူးလေ...။

ယုံကြည်ခြင်းနဲ့ ဆောက်တည်မှ
တို့ဘ၀တွေ..
လှပနိုင်မှာပေါ့ကွယ်....။

ကမ်းတဲ့လက်မှာ
အင်အားတွေအပြည့်နဲ့မို့
အချစ်တွေဆတိုး
ထပ်တိုးလို့ ချစ်ကြစို့နော်...

သောကကိုချိုးနှိမ်
သံသယကိုဖျောက်ဖျက်
အနာဂတ်ကိုယုံကြည်
ကဲ..ချစ်သူရေ..
ပစ္စုပ္ပန် ဆိုတာ
ငါတို့အတွက်
ပန်းခင်းလမ်းလေးပဲပေါ့ကွယ်........။

Tuesday, 19 March 2013

လွမ်း

အများကြီး မဟုတ်ပါဘူး
ကြယ်မြင်လမြင်ပဲ
လွမ်းမိတာပါ...။

တောင်းဆိုရာ
ဖြည့်ဆည်းနိုင်တဲ့
လိုတရဘ၀ မဟုတ်တော့
အလွမ်းကိုပဲ
ကသိုင်းရှူနေမိတယ်..။

နေထွက်ခြင်း
နေ၀င်ခြင်းကြားမှာ
ကြေကွဲခြင်းကလဲပါရဲ့...။

တံတိုင်းတွေရေ..
ဘ၀ခြင်းသာခြားလို့ရမယ်
အလွမ်းကိုတော့
မပိုင်းဖြတ်နိုင်ပါဘူး....

အထပ်ထပ်
တားထားစေဦးတော့
ချစ်သူရေ...
စိတ်ရဲ့လျင်မြန်မှူနဲ့
မင်းကိုလွမ်းနေမှာပါ.....။

Sunday, 17 March 2013

တစ်ဝက်(၂)

မှိုင်းတစ်ဝက်ရတဲ့
မီးပုံးပျံလို
ငါ့ဘ၀က
ကန့်လန့်ကြီးဖြစ်နေပါရောလား...
အပေါ်တက်လဲ
မုန်တိုင်း
အောက်ဆင်းလဲ
သစ်ကိုင်း...
အင်းးးးးးးးးးးးးးးး
ဆုပ်လဲစူး
စားလဲရူးဆိုတာ
ဒါပဲနေလိမ့်မယ်..
မြေနိမ့်ရာ
ကျင်းတူးသလို
ဟိုးးးအ၀ီစိထိ
သက်ဆင်းရဦးမလား..
အနာဂတ်ကို
ထုတ်ပိုးပြီး
ပစ္စုပ္ပန်ကိုဖြတ်ခဲ့တာ
အတောင်တွေလဲကြွေ
အမောတွေလဲဝေခဲ့ပြီ....
ကျောခင်းရာနေရာအတွက်
ရှာလိုက်ရတဲ့ လောဘတွေ
ထွက်လိုက်ရတဲ့
ဒေါသတွေ..
သြော်..........
ဘ၀ဆိုတာ
မောဟတစ်ဝက်နဲ့
ဝိုင်တစ်ခွက်ပါလားးးးးးးးးးး

Saturday, 16 March 2013

တစ်ဝက်..

လွတ်ထွက်မှာကြောက်လို့
ဖမ်းဆုတ်ထားမိခဲ့တယ်....
သံစဉ်တွေတောင်
အမှန်တော့ပါလားကွယ်....
ချုပ်တည်းခြင်းရဲ့တစ်ဘက်
ငါပြေးထွက်လိုက်ချင်ပါရဲ့...
ကြိုးလွတ်မှာလဲ
စိုးရိမ်မိပြန်ရော...
သြော်...
အရာရာက
နေသားကျနေခဲ့ပြီပဲ...
အတ္တတစ်ဝက်တော့
ငါပိုင်ပါသေးတယ်....

Wednesday, 13 March 2013

တမ်းတ..

အနှောင့်အသွားမလွတ်တဲ့
ငါ့ရင်တစ်ခြမ်းနဲ့
မင်းကိုလွမ်းမိပြန်ပြီ...
တိမ်မပါတဲ့ကောင်းကင်က
မိုးကိုမျှော်နေရသလိုပါပဲကွာ..။
ယိုးတိုးရိတ်တိတ်ဆို
ငါ့ရင်ခုန်လွန်းလို့
အပြူံးကိုပဲ
ချောင်းကြည့်မ်တယ်...
လမင်းနဲ့အပြိုင်
လင်းတတ်သူရေ...
နှစ်မချို့သေးတဲ့ချစ်ခြင်းနဲ့
ဟိုးးးးးးရင်ထဲအထိ
အလင်းတွေ ပေးသနားပါတော့.......

Tuesday, 12 March 2013

အမေ

အမေ...
လွမ်းလိုက်တာ အမေရယ်....
စက်တပ်ပန်ကာနဲ့
အဲယားကွန်းအောက်နေရလဲ
အမေ့အိမ်က
ကြမ်းကြားလေလောက်မအေးဘူး
ကော်ဇောခံ မွေ့ယာပေါ်
အိပ်ရလဲ
အမေ့အိမ်က
နှီးဖျာကြမ်းလောက်
ဇိမ် မကျဘူး အမေ...
ကမ္ဘာကျော်
အစားအစာတွေစားနေရလဲ
အမေချက်တဲ့
ဆီမပါ ချဉ်ရည်တစ်ခွက်လောက်
ခံတွင်းမမြိန်တာ အမှန်ပါ အမေ....
တိုက်ကြီးနဲ့နေရလဲ
ထရံကာ အမေ့အိမ်လောက်
မလုံခြုံဘူးအမေ...
လိုချင်တာအကုန်ရပေမဲ့
မေတ္တာတရားတော့
မရှိကြဘူးအမေရဲ့...
သူတို့စကား
သကာပျားဆိုပေမဲ့
အမေ ဆူတဲ့
စကားတစ်ခွန်းလောက်
နားမ၀င်ဘူးအမေ....
အမေရေ...
မရှိမရှား ဘ၀က
အမေ့အိမ်လောက်
မနွေးထွေးလိုက်တာ...
ကျွန်တော်
အမေ့ကိုလွမ်းတယ်.....

Sunday, 3 March 2013

အလွမ်းမဲ့နှလုံးသား

အခါခါစွန့်ပစ်ခြင်းရဲ့
နာကျင်မှူကို
မင်းမသိပါစေနဲ့ချစ်သူ...
မျက်ရည်တို့ရစ်ဝိုင်း
နှလုံးသားတံတိုင်းတွေတောင်
ပြိုကုန်ပြီ...
ငိုကြွေးခြင်းကလွဲလို့
ငါ့အတွက်
အဖော်မရှိပါဘူး..
အိပ်တန်းပြန်တို့ရဲ့
ပျော်ရွှင်မှုကို
မင်းခံစားတတ်တဲ့တစ်နေ့
ဒီရင်ခွင်ဟာ
အလွမ်းတွေမဲ့နေမှာပါ...
ချစ်ခြင်းနဲ့ဆောက်တည်ခဲ့လို့
မင်းအတွက်တော့
လုံခြူံမှုကို
ပေးစွမ်းပါလိမ့်မယ်..

Friday, 1 March 2013

တွေးပါ..

အစိုးမရဘူးတဲ့လား..
ကံကိုလဲမပုံ
ဘ၀ကိုလဲမယုံလို့
ကိုယ့်ခြေစုံပေါ်ကိုယ်ရပ်တာ
ငုတ်အစူးတော့မခံနိုင်ဘူးကိုယ့်လူ....
မင်းယုံကြည်ရာမင်းလှမ်း
ငါ့လမ်းငါဖောက်
ဘ၀လမ်းကိုငါလျှောက်နေတာ...
အတိတ်ကမည်းမည်း
အနာဂတ်ကမှောင်မှောင်
အလင်းရာင်ကိုငါရှာနေတာ..
ကူကယ်စရာလဲမလို
ရည်ရွယ်ရာကိုတော့လျှောက်ရမှာပဲ..
ပေါ့ပျက်ပျက် အတွေး
တံတွေးမစင်စေချင်သလို
ကိုယ့်သမိုင်းကိုယ်ရေး
အမှားတော့ရှောင်ရေးပါသူငယ်ချင်း....